Thursday, May 11, 2017

မောင်...

  မောင်

မောင်.....
မဆွတ်ခင်က  ညွှတ်ချင်ခဲ့သူမို့ ...
ဇွတ်တမင်  အကွက်မဆင်ခဲ့ရိုး
အမှန်ပါမောင်...။
ဖေဖေါ်ဝါရီ  လ
တနေရာဆီ  မှ
အသေအချာ  ခင်ခဲ့ကြတာ
မှတ်မိပါရဲ့ မောင်...။
နူးညံ့တဲ့  နှလုံးသားတစုံရဲ့
တောင့်တ ချက်ကို
မောင့်မမ အသိဥာဏ်က
မလွှဲရှောင် မတားရက်
အသဲဗလောင်  ဆူဝေလျှက်...
အနေကြာ  အိုချင်းထိ
မောင့် အလို...ကြိုးချင်းတွေ ငြိခဲ့ကြတာ
ရိုးတွင်းချဉ်ဆီတိုင်
စိမ့်စွဲနေအောင် ရှုပ်ခဲ့ပြီးပြီမို့ ...
မရှင်းပါရစေနဲ့ တော့ မောင်ရေ....။
မိန်းမသား ဗီဇအရ
သခွပ်ပင်က မီးကျီတာ
ဖြစ်စဉ်ပဲပေမို့ ...
အသစ်ထွင်တယ်ဆိုတဲ့
အပြစ်မြင် စကားလေးနဲ့ ...
အထိုးမကြမ်းလိုက်ပါနဲ့ မောင်...
တကယ်ဆို...
ကျွန်မက အသဲနုလွန်းလို့ ပါမောင်...
နော်....နော် လို့ .....။
(ကံပေါ်သား) Topeka,IN, May-11-17

No comments:

Post a Comment