Friday, March 30, 2018

ယုံကြည်ပါ ချစ်သူ

ယုံကြည်ပါ ချစ်သူ

ချစ်သူ.....
လူချင်းတူပေမယ့်    မူချင်းမတူတာမို့ 
လမ်းလျှောက်ရင်း  ပန်းကောက်
နှလုံးသား  သစ္စာဖောက်လည်း  မဟုတ်ရပါဘူးးးး။
ပန်းကောင်း အညွန့် ချိုး
မနုသာ မုဆိုးလည်း  မဟုတ်ရပါဘူးးးး။
သခင် ကြည်ဖြူလေမှ
ယူဆွတ်လို့  ခေါင်းမှာဆင်
လည်မှာဆွဲ
မြတ်နိုးယုယ ကြင်နာမယ့်သူပါ။
ယောက်ျားကောင်းတို့ ထုံး
နှလုံးမူ လို့ 
လက်ယာမှာ  သစ္စာ
လက်ဝဲမှာ  မေတ္တာ
ရင်ထဲမှာ  အကြင်နာ
ဂရုဏာစိတ်  တသိမ့်သိမ့်
စာနာစိတ်  တစိမ့်စိမ့်ရယ်နဲ့ 
ချွေးသိမ့်မယ့်သူမို့ 
အားကိုးလိုက်စမ်းပါ ချစ်သူ ။
                 ကိုဇော်( ကံပေါ်သား )

ဒုက္ခသည်

   ဒုက္ခသည်

ဒုက္ခတောလမ်း  ခရီးကြမ်းမှာ
အလင်းဆိတ်သုန်း  အမှောင်ဖုံးလို့ ....
မွန်းကြပ်လှောင်ဝယ်  လမ်းပျောက်ညအလယ်...
ဒုက္ခသည်........။

ဒုက္ခသည်
စစ်ဘေး.....ဒုက္ခသည်
နိုင်ငံရေး...ဒုက္ခသည်
လူ့အခွင့်အရေး....ဒုက္ခသည်
ဘာသာရေ......ဒုက္ခသည်
လူမျိုးရေး...ဒုက္ခသည်
.......................ဒုက္ခသည်
သြော်....ဒုက္ခသည်။   ။

ဒုက္ခသည်
အကြောင်း အမျိုးမျိုး
ပြသနာ အထွေထွေ
ကွဲလွဲတဲ့  အယူအဆ
မတူညီတဲ့  ကွဲပြားမှုအောက်....
ခေါင်းစဉ် အမျိုးမျိုးတပ်ကြတဲ့ .....
ဒုက္ခသည်....။   ။ 
                   ကိုဇော်( ကံပေါ်သား )