Friday, March 30, 2018

ယုံကြည်ပါ ချစ်သူ

ယုံကြည်ပါ ချစ်သူ

ချစ်သူ.....
လူချင်းတူပေမယ့်    မူချင်းမတူတာမို့ 
လမ်းလျှောက်ရင်း  ပန်းကောက်
နှလုံးသား  သစ္စာဖောက်လည်း  မဟုတ်ရပါဘူးးးး။
ပန်းကောင်း အညွန့် ချိုး
မနုသာ မုဆိုးလည်း  မဟုတ်ရပါဘူးးးး။
သခင် ကြည်ဖြူလေမှ
ယူဆွတ်လို့  ခေါင်းမှာဆင်
လည်မှာဆွဲ
မြတ်နိုးယုယ ကြင်နာမယ့်သူပါ။
ယောက်ျားကောင်းတို့ ထုံး
နှလုံးမူ လို့ 
လက်ယာမှာ  သစ္စာ
လက်ဝဲမှာ  မေတ္တာ
ရင်ထဲမှာ  အကြင်နာ
ဂရုဏာစိတ်  တသိမ့်သိမ့်
စာနာစိတ်  တစိမ့်စိမ့်ရယ်နဲ့ 
ချွေးသိမ့်မယ့်သူမို့ 
အားကိုးလိုက်စမ်းပါ ချစ်သူ ။
                 ကိုဇော်( ကံပေါ်သား )

No comments:

Post a Comment