Friday, March 30, 2018

ယုံကြည်ပါ ချစ်သူ

ယုံကြည်ပါ ချစ်သူ

ချစ်သူ.....
လူချင်းတူပေမယ့်    မူချင်းမတူတာမို့ 
လမ်းလျှောက်ရင်း  ပန်းကောက်
နှလုံးသား  သစ္စာဖောက်လည်း  မဟုတ်ရပါဘူးးးး။
ပန်းကောင်း အညွန့် ချိုး
မနုသာ မုဆိုးလည်း  မဟုတ်ရပါဘူးးးး။
သခင် ကြည်ဖြူလေမှ
ယူဆွတ်လို့  ခေါင်းမှာဆင်
လည်မှာဆွဲ
မြတ်နိုးယုယ ကြင်နာမယ့်သူပါ။
ယောက်ျားကောင်းတို့ ထုံး
နှလုံးမူ လို့ 
လက်ယာမှာ  သစ္စာ
လက်ဝဲမှာ  မေတ္တာ
ရင်ထဲမှာ  အကြင်နာ
ဂရုဏာစိတ်  တသိမ့်သိမ့်
စာနာစိတ်  တစိမ့်စိမ့်ရယ်နဲ့ 
ချွေးသိမ့်မယ့်သူမို့ 
အားကိုးလိုက်စမ်းပါ ချစ်သူ ။
                 ကိုဇော်( ကံပေါ်သား )

ဒုက္ခသည်

   ဒုက္ခသည်

ဒုက္ခတောလမ်း  ခရီးကြမ်းမှာ
အလင်းဆိတ်သုန်း  အမှောင်ဖုံးလို့ ....
မွန်းကြပ်လှောင်ဝယ်  လမ်းပျောက်ညအလယ်...
ဒုက္ခသည်........။

ဒုက္ခသည်
စစ်ဘေး.....ဒုက္ခသည်
နိုင်ငံရေး...ဒုက္ခသည်
လူ့အခွင့်အရေး....ဒုက္ခသည်
ဘာသာရေ......ဒုက္ခသည်
လူမျိုးရေး...ဒုက္ခသည်
.......................ဒုက္ခသည်
သြော်....ဒုက္ခသည်။   ။

ဒုက္ခသည်
အကြောင်း အမျိုးမျိုး
ပြသနာ အထွေထွေ
ကွဲလွဲတဲ့  အယူအဆ
မတူညီတဲ့  ကွဲပြားမှုအောက်....
ခေါင်းစဉ် အမျိုးမျိုးတပ်ကြတဲ့ .....
ဒုက္ခသည်....။   ။ 
                   ကိုဇော်( ကံပေါ်သား )

Sunday, December 24, 2017

တော်ကီတွေ ခဏရပ်




အလိုက်အထိုက်


'''အလိုက်အထိုက်''

ကွင်းမှာနေ ချောင်းရေသောက်
ရွာပေါ်နေ ကန်ရေသောက်
ကမ့်ထဲရောက် စမ်းရေသောက် 
ငါးပိဆားလူး နနွင်းတူးခဲ့....
သစ်ဝါးခုတ် မီးသွေးဖုတ်ခဲ့....
တောင်ပေါ်သွါား မျှစ်ချိုးစားခဲ့........
အရီးထား သမီးသားတစ်စု
ဇေးရိုးကား ကြေးတိုးများသမို့ 
အမေရိကားမှာ....
ရေသန့်မှ သောက်တော့တယ်။ ။
                            ကိုဇော်(ကံပေါ်သား)


Friday, May 26, 2017

ငါ..ခုထိညံ့နေသေးပါလား

သိဒ္ဓတ္ထ က
ကဏ္ဍက  ကို စီး...
အနော်မာ  ကို ဖြတ်...
ဥရုဝေလ  အရပ်
တောမြိုင်ထပ်..မှာ...
ခြောက်နှစ်တာ  မရပ်မနား
မစ္ဈိမ အကျင့်တရား
ဇွဲကောင်းတဲ့  ဝိရိယအားနဲ့ ...
လောကအားလုံးကို  အမှန်သိ
ဒိဗ္ဗစက္ကု  ဥာဏ်မျက်စိနဲ့ 
ဂေါတမ မြတ်စွာဘုရားဖြစ်တော်မူခဲ့တယ်။ ။
သစ်ကောင်းအိမ်  က
အချစ်ဟောင်အိမ်မှ ထွက်...
တောင် မှ မြောက်ဖက်
ပြောင်းပြန်စီး...လျှက်
သောင်းရင်းကို  ဖြတ်...
မြဝတီကမ်း  တဖက်
ယိုးဒယား အရပ်
တောတောင်  အထပ်ထပ်မှာ
ခြောက်နှစ်တာ ကာလပတ်
အဌာရသ  အနုပညာရပ်နဲ့ ...
အဆွေး ထက်ထက်
အတွေး ထက်ထက်
အရေး ထက်ထက်
ကလောင်သွား ထက်ထက်ဖြင့်...
ကဗျာကောင်းတွေ  ရေးစပ်ခဲ့တယ်။ ။
သန့် ဇော်ဝင်းဆိုတဲ့ ကောင်...
ငါ့မှာဖြင့်  ယောင်လည်လည်
အမှောင်ဝယ်  အလင်းစောင့်
ပုလင်းမှောက်  သတင်းပျောက်
သီချင်းနောက်  လိုက်ရင်း....
ကြိုက်မိတဲ့  ဝါသနာပိုးနဲ့ 
ယိုးဒယားမှာ  အတော်ကြာ
ဖော်သဟာ  ဆွေတစုဖြင့်...
ခြောက်နှစ်မက  ကာလ
အချစ်အချစ်တွေ  ဗလပွနဲ့ ...
အဖြစ်သနစ် စုံ...ကြုံ ခဲ့ရတယ်..။
ထိုမှတဖန်  အကြောင်းကံဖြင့်
ပစိဖိတ်ကို လေယျာဉ်နဲံ့ ဖြတ်...
ဘားမိစ်ကမ်တွေ  ရှိတဲ့ ...
အမေရိက အရပ်မှာ
ခြောက်နှစ်တာ ဖြတ်သန်းအားနဲ့ 
အတွေ့ အကြုံတွေလည်း များခဲ့ပြီ...။
ခုထိ...
သိဒ္ဓတ္ထ လို
နိက္ခမ အားနဲ့ 
နိဗ္ဗာန တရားလည်းးးး
မရသေးးးး။
သစ်ကောင်းအိမ် လို
အချစ် ဒသန အားနဲ့ 
စနစ် ကျကျ
မော်ဒန်ကဗျာတွေလည်း
မရေးနိုင်သေးးး။
ငါ...
ခုထိ
အတော်လေးး
ညံ့နေပါသေးလားးး။
               (ကံပေါ်သား) မေ၊ ၂၆ ၊ ၁၇
 
 
 
 
 

Thursday, May 25, 2017

ရဖျူဂျီ၊ ဇဝက်သာ၊ နှင့် တောဂန္ဓာ( ၂ )

မီးရောင်တွေမှိတ်  လူခြေတိတ်တဲ့
မဟူရာဖက်  ညမှောင်နက်မှာ
သူရာတခွက်  ဆန်နှင့်ချက်...။
ဟိုတွေး ဒီတွေး  စိတ်တွေလေးလည်း
ဟိုရောက် ဒီရောက်   စိတ်တွေနောက်လည်း
ဟိုတွေး ဒီရောက်   စိတ်ပြေပျောက်အောင်
တခွက်လောက်ဖြင့်  သောက်မိပြန်တယ်
ဆန် အရက်ချို...။ ။
တောင်ကလည်း  မက်မက်
အမှောင်ကလည်း  နက်နက်
ကြောင်သက်သက်  ယောင်ချာချာ
 တောင်တော်မဟာ  အုန်းပြန့် ဒီပါရယ်...
မပလီ မပလာ  မတီမတာပါဘူး...။
မညီညာ  ရဖျူဂျီ  စခန်းမှာ
ဝေဒနာ  မကြေငြာစတမ်း
ဖြေစရာ  မဖွေရှာစတမ်း
ဒေသနာ  မဝေဖြာစတမ်း
အိုကွယ်ဖြေ....
ပြေပါကြောင်း  မရည်ရွယ်
လေသာဆောင်  ပြတင်းတော်မဖွင့်
ဇဝက်သာ  ယမကာပုံးတော်ဖွင့်
အပြုံးတော်  အားတင်းဝင့် လိုက်ကြ
လာကြဟေ့  သူငယ်ချင်းတို့ ရေ...
ဒို့ တတွေ  ငိုင်မနေကြနဲ့ 
တိုင်းပြည်လည်း  ပြန်မရ...
စောက်လုပ်  မရှိသမျှ
သောက်လုပ် လုပ်ကြပေါ့...
သောက်လိုက်ကြစို့  သူငယ်ချင်း
အောက်အီးအီး..ဂလု...။ ။
ငယ်ငယ်က  ကျောင်းပြေး
နည်းနည်းကြီးတော့  အိမ်ပြေး
နောက်တော့ စစ်ပြေး
နောက်တော့  ပြည်ပြေး
ဒီ့ထက်အဝေး ပြေးရအောင်
တဆစ်ကွေး တထောက်နားရာ
ရဖျူဂျီ တို့ ...စုဝေးရာ...။ ။
               (ကံပေါ်သား) မေလ၊ ၂၅၊ ၂၀၁၇