သိဒ္ဓတ္ထ က
ကဏ္ဍက ကို စီး...
အနော်မာ ကို ဖြတ်...
ဥရုဝေလ အရပ်
တောမြိုင်ထပ်..မှာ...
ခြောက်နှစ်တာ မရပ်မနား
မစ္ဈိမ အကျင့်တရား
ဇွဲကောင်းတဲ့ ဝိရိယအားနဲ့ ...
လောကအားလုံးကို အမှန်သိ
ဒိဗ္ဗစက္ကု ဥာဏ်မျက်စိနဲ့ 
ဂေါတမ မြတ်စွာဘုရားဖြစ်တော်မူခဲ့တယ်။ ။
သစ်ကောင်းအိမ် က
အချစ်ဟောင်အိမ်မှ ထွက်...
တောင် မှ မြောက်ဖက်
ပြောင်းပြန်စီး...လျှက်
သောင်းရင်းကို ဖြတ်...
မြဝတီကမ်း တဖက်
ယိုးဒယား အရပ်
တောတောင် အထပ်ထပ်မှာ
ခြောက်နှစ်တာ ကာလပတ်
အဌာရသ အနုပညာရပ်နဲ့ ...
အဆွေး ထက်ထက်
အတွေး ထက်ထက်
အရေး ထက်ထက်
ကလောင်သွား ထက်ထက်ဖြင့်...
ကဗျာကောင်းတွေ ရေးစပ်ခဲ့တယ်။ ။
သန့် ဇော်ဝင်းဆိုတဲ့ ကောင်...
ငါ့မှာဖြင့် ယောင်လည်လည်
အမှောင်ဝယ် အလင်းစောင့်
ပုလင်းမှောက် သတင်းပျောက်
သီချင်းနောက် လိုက်ရင်း....
ကြိုက်မိတဲ့ ဝါသနာပိုးနဲ့ 
ယိုးဒယားမှာ အတော်ကြာ
ဖော်သဟာ ဆွေတစုဖြင့်...
ခြောက်နှစ်မက ကာလ
အချစ်အချစ်တွေ ဗလပွနဲ့ ...
အဖြစ်သနစ် စုံ...ကြုံ ခဲ့ရတယ်..။
ထိုမှတဖန် အကြောင်းကံဖြင့်
ပစိဖိတ်ကို လေယျာဉ်နဲံ့ ဖြတ်...
ဘားမိစ်ကမ်တွေ ရှိတဲ့ ...
အမေရိက အရပ်မှာ
ခြောက်နှစ်တာ ဖြတ်သန်းအားနဲ့ 
အတွေ့ အကြုံတွေလည်း များခဲ့ပြီ...။
ခုထိ...
သိဒ္ဓတ္ထ လို
နိက္ခမ အားနဲ့ 
နိဗ္ဗာန တရားလည်းးးး
မရသေးးးး။
သစ်ကောင်းအိမ် လို
အချစ် ဒသန အားနဲ့ 
စနစ် ကျကျ
မော်ဒန်ကဗျာတွေလည်း
မရေးနိုင်သေးးး။
ငါ...
ခုထိ
အတော်လေးး
ညံ့နေပါသေးလားးး။
(ကံပေါ်သား) မေ၊ ၂၆ ၊ ၁၇
No comments:
Post a Comment