Thursday, May 11, 2017

ပန်းလက်ပျို...

ပန်းလက်ပျို

အလွမ်းတွေကို....
စမ်းရေထဲ မျှောဖို့ အသွား...။
ကမ်း  အစပ်မှာ
ပန်း  တခက်နဲ့ 
လှမ်း  လက်တစ်စုံက
ကမ်း  လင့်ကြို....
ငါ...မယုံတော့ပြီ
ပန်း လက် ပျို...။
စစ်တပွဲ မနွှဲဖူးပေမယ့်
အချစ်ပွဲ တွေမှာ...
စစ်ကဲမဟာအဖြစ်
သေနင်္ဂ ဗျူဟာမြောက်
ရွံ့ ရွံ့ ချွံ  စွန့် စွန့် စားမို့ 
နှလုံးရည် လှ...
ဂုဏ်ထူးဆောင်များစွာ
အခါခါ ရခဲ့ဖူးတဲ့
နှလုံးသားရဲ့  အမှုတော်ထမ်း
အချစ်ရဲ့ ကျေးတော်ကျွန်
အန္ဓ တယောက်ပါ
ပန်း လက် ပျို...။
အကွဲကွဲ အပြဲပြဲ
အလဲလဲ အပြိုပြို
သဲထိတ်ရင်ဖို  ပွဲကြီးတွေမှာ...
အံကြိတ်လိုက်  အားတင်းလိုက်
ပြန်ထူးလိုက်  ပြိုလဲလိုက်နဲ့ ...
အပ်ချစရာ မရှိအောင်
ဗလပွ ဒဏ်ရာတွေကြောင့်...
အသဲနှလုံးလည်း
ကျွဲပခုံး ထနေပါပြီ
ပန်း လက် ပျို...။
ခုတော့...
နူးညံ့ဖြူစင်..
ရွှေဓူဝံ့ ပါးပြင်.....
ထိုးလို့  မကွဲ
မိုးပုလဲ မျက်နှာထားနဲ့ ...
ဓါးတင်ရင်  ဓါးကျိုးလောက်တဲ့
အသဲပြင်ဟာ....
သင်္ခါရ သဘောအရ
အစဉ်ထာဝရ မစောနိုင်ဘူးဆိုတာ
သဘောပေါက်သွားပြီမို့ 
သွားချင်တဲ့ လမ်းးးးမြန်းပါရစေ
ကျေးဇူးပြုပြီးးးး
အလွမ်းတွေကို  စမ်းရေထဲ
မျှောခွင့်ပြုပါ
ပန်း လက် ပျို...။
(ကံပေါ်သား) Topeka,IN, May-11-17

No comments:

Post a Comment