အသည်းကွဲဇာတ်လမ်း
အားနာလို့  လိုက်လျောတာဆိုတဲ့
အကြောင်းပြချက်နဲ့ ...ငြိုငြင်နေမယ့်အစား
နဂို ယခင် အစ...
မင်းဖက်က ရိုးရှင်းစွာ ငြင်းဆန်ခဲ့ရင်
ပြင်းထန်တဲ့ ငါ့ရင်ခုန်သံတွေဟာ
အဖြူစင်ဆုံးအဆင့်မှာ ရပ်တန့် 
ငြူစူခြင်း ကင်းမဲ့ခဲ့မှာပါ...။
ခုတော့...
အတ္တတံဆိပ် ကပ်တဲ့
အိပ်မက်ည ဝိုးတဝါးအလယ်
နီးလျှက်နဲ့ ဝေး သုံးနဲ့ လေး...လို
အဆုံးမလှ ဇာတ်သိမ်းခန်းမှာ
အရှုံး ပဏာမ တေး
အမုန်း ထာဝရ ပေး
အပြုံး ပသာဒ ဝေး
နှလုံး အနာတရ ဘေး ဖြစ်ရပြီ။
(ကံပေါ်သား)မေ၊ ၂၀၁၇
No comments:
Post a Comment