Thursday, May 11, 2017

သင်္ခါရ

သင်္ခါရ

ဖြစ်ချင်တာ က ဆန္ဒ
ဖြစ်နေတာ က ဘဝ
ဆန္ဒ နဲ့  ဘဝ
တထပ်တည်း မကျသမျှ
ဓမ္မတာမို့   ဖြေသာပေမယ့်...
ဘယ်တော့မှ...ပြန်မရနိုင်တော့မယ့်
ကြီးမားတဲ့...ဆုံးရှုံးခဲ့ခြင်းအတွက်
လူသားဆန်စွာ
ငိုချင်းချ ဝမ်းနည်းမိတာ
ပျော့ ညံ့တယ်လို့ 
တချို့ က ဆိုကြတယ်...။
            (ကံပေါ်သား) May-11-17

No comments:

Post a Comment