Thursday, May 11, 2017

စိုးကြောက်လျှက်သား

စိုးကြောက်လျှက်သား

တမြေစီဝေး  အလှမ်းကွာ
မနမ်းသာ  ပန်းမာလာ ရနံ့ ကိုဖြင့်...
လွမ်းခါခါ  မှန်းကာဆ ပါလို့ 
တမ်းတစိတ်  ရွှေဘဝင်...။ ။
တမေခင်  ယဉ်ပျိုနှမ
ပင်ကိုယ်အလှ  ပန်းရိုင်းငယ်
လွမ်းတိုင်းဝယ်  ခင့်စိတ်ဖြင့်
အိပ်ရ်ျမပျော်  စားမဝင်
ရမ်းစိတ်ထင်  မေ့အသံကိုကြား
ကိုယ်ပူချိန် ၁၀၅ မှာ...
လွမ်းစိတ်နဲ့ ဖျား...။
စိတ်အားတော် ငယ်
ချစ်သူခင် ရွှေရင်စကား
ကြား ချင် လွန်း စွာ
အားအင်တွေ ဖျော့ တော့...
နားမဆင်မီ  ဒီမောင်မှာ...
အနေကြာ...ဝေဒနာ တိုးပါလို့ ...
သေရွာကို.....မောင်တကယ် သွားရမှာ
စိုး ကြောက် လျှက် သား ။  ။
               (ကံပေါ်သား) May-11-17

No comments:

Post a Comment