Sunday, December 24, 2017
အလိုက်အထိုက်
'''အလိုက်အထိုက်''
ကွင်းမှာနေ ချောင်းရေသောက်ရွာပေါ်နေ ကန်ရေသောက်
ကမ့်ထဲရောက် စမ်းရေသောက်
ငါးပိဆားလူး နနွင်းတူးခဲ့....
သစ်ဝါးခုတ် မီးသွေးဖုတ်ခဲ့....
တောင်ပေါ်သွါား မျှစ်ချိုးစားခဲ့........
အရီးထား သမီးသားတစ်စု
ဇေးရိုးကား ကြေးတိုးများသမို့ 
အမေရိကားမှာ....
ရေသန့်မှ သောက်တော့တယ်။ ။
ကိုဇော်(ကံပေါ်သား)
Friday, May 26, 2017
ငါ..ခုထိညံ့နေသေးပါလား
သိဒ္ဓတ္ထ က
ကဏ္ဍက ကို စီး...
အနော်မာ ကို ဖြတ်...
ဥရုဝေလ အရပ်
တောမြိုင်ထပ်..မှာ...
ခြောက်နှစ်တာ မရပ်မနား
မစ္ဈိမ အကျင့်တရား
ဇွဲကောင်းတဲ့ ဝိရိယအားနဲ့ ...
လောကအားလုံးကို အမှန်သိ
ဒိဗ္ဗစက္ကု ဥာဏ်မျက်စိနဲ့ 
ဂေါတမ မြတ်စွာဘုရားဖြစ်တော်မူခဲ့တယ်။ ။
သစ်ကောင်းအိမ် က
အချစ်ဟောင်အိမ်မှ ထွက်...
တောင် မှ မြောက်ဖက်
ပြောင်းပြန်စီး...လျှက်
သောင်းရင်းကို ဖြတ်...
မြဝတီကမ်း တဖက်
ယိုးဒယား အရပ်
တောတောင် အထပ်ထပ်မှာ
ခြောက်နှစ်တာ ကာလပတ်
အဌာရသ အနုပညာရပ်နဲ့ ...
အဆွေး ထက်ထက်
အတွေး ထက်ထက်
အရေး ထက်ထက်
ကလောင်သွား ထက်ထက်ဖြင့်...
ကဗျာကောင်းတွေ ရေးစပ်ခဲ့တယ်။ ။
သန့် ဇော်ဝင်းဆိုတဲ့ ကောင်...
ငါ့မှာဖြင့် ယောင်လည်လည်
အမှောင်ဝယ် အလင်းစောင့်
ပုလင်းမှောက် သတင်းပျောက်
သီချင်းနောက် လိုက်ရင်း....
ကြိုက်မိတဲ့ ဝါသနာပိုးနဲ့ 
ယိုးဒယားမှာ အတော်ကြာ
ဖော်သဟာ ဆွေတစုဖြင့်...
ခြောက်နှစ်မက ကာလ
အချစ်အချစ်တွေ ဗလပွနဲ့ ...
အဖြစ်သနစ် စုံ...ကြုံ ခဲ့ရတယ်..။
ထိုမှတဖန် အကြောင်းကံဖြင့်
ပစိဖိတ်ကို လေယျာဉ်နဲံ့ ဖြတ်...
ဘားမိစ်ကမ်တွေ ရှိတဲ့ ...
အမေရိက အရပ်မှာ
ခြောက်နှစ်တာ ဖြတ်သန်းအားနဲ့ 
အတွေ့ အကြုံတွေလည်း များခဲ့ပြီ...။
ခုထိ...
သိဒ္ဓတ္ထ လို
နိက္ခမ အားနဲ့ 
နိဗ္ဗာန တရားလည်းးးး
မရသေးးးး။
သစ်ကောင်းအိမ် လို
အချစ် ဒသန အားနဲ့ 
စနစ် ကျကျ
မော်ဒန်ကဗျာတွေလည်း
မရေးနိုင်သေးးး။
ငါ...
ခုထိ
အတော်လေးး
ညံ့နေပါသေးလားးး။
(ကံပေါ်သား) မေ၊ ၂၆ ၊ ၁၇
ကဏ္ဍက ကို စီး...
အနော်မာ ကို ဖြတ်...
ဥရုဝေလ အရပ်
တောမြိုင်ထပ်..မှာ...
ခြောက်နှစ်တာ မရပ်မနား
မစ္ဈိမ အကျင့်တရား
ဇွဲကောင်းတဲ့ ဝိရိယအားနဲ့ ...
လောကအားလုံးကို အမှန်သိ
ဒိဗ္ဗစက္ကု ဥာဏ်မျက်စိနဲ့ 
ဂေါတမ မြတ်စွာဘုရားဖြစ်တော်မူခဲ့တယ်။ ။
သစ်ကောင်းအိမ် က
အချစ်ဟောင်အိမ်မှ ထွက်...
တောင် မှ မြောက်ဖက်
ပြောင်းပြန်စီး...လျှက်
သောင်းရင်းကို ဖြတ်...
မြဝတီကမ်း တဖက်
ယိုးဒယား အရပ်
တောတောင် အထပ်ထပ်မှာ
ခြောက်နှစ်တာ ကာလပတ်
အဌာရသ အနုပညာရပ်နဲ့ ...
အဆွေး ထက်ထက်
အတွေး ထက်ထက်
အရေး ထက်ထက်
ကလောင်သွား ထက်ထက်ဖြင့်...
ကဗျာကောင်းတွေ ရေးစပ်ခဲ့တယ်။ ။
သန့် ဇော်ဝင်းဆိုတဲ့ ကောင်...
ငါ့မှာဖြင့် ယောင်လည်လည်
အမှောင်ဝယ် အလင်းစောင့်
ပုလင်းမှောက် သတင်းပျောက်
သီချင်းနောက် လိုက်ရင်း....
ကြိုက်မိတဲ့ ဝါသနာပိုးနဲ့ 
ယိုးဒယားမှာ အတော်ကြာ
ဖော်သဟာ ဆွေတစုဖြင့်...
ခြောက်နှစ်မက ကာလ
အချစ်အချစ်တွေ ဗလပွနဲ့ ...
အဖြစ်သနစ် စုံ...ကြုံ ခဲ့ရတယ်..။
ထိုမှတဖန် အကြောင်းကံဖြင့်
ပစိဖိတ်ကို လေယျာဉ်နဲံ့ ဖြတ်...
ဘားမိစ်ကမ်တွေ ရှိတဲ့ ...
အမေရိက အရပ်မှာ
ခြောက်နှစ်တာ ဖြတ်သန်းအားနဲ့ 
အတွေ့ အကြုံတွေလည်း များခဲ့ပြီ...။
ခုထိ...
သိဒ္ဓတ္ထ လို
နိက္ခမ အားနဲ့ 
နိဗ္ဗာန တရားလည်းးးး
မရသေးးးး။
သစ်ကောင်းအိမ် လို
အချစ် ဒသန အားနဲ့ 
စနစ် ကျကျ
မော်ဒန်ကဗျာတွေလည်း
မရေးနိုင်သေးးး။
ငါ...
ခုထိ
အတော်လေးး
ညံ့နေပါသေးလားးး။
(ကံပေါ်သား) မေ၊ ၂၆ ၊ ၁၇
Thursday, May 25, 2017
ရဖျူဂျီ၊ ဇဝက်သာ၊ နှင့် တောဂန္ဓာ( ၂ )
မီးရောင်တွေမှိတ် လူခြေတိတ်တဲ့
မဟူရာဖက် ညမှောင်နက်မှာ
သူရာတခွက် ဆန်နှင့်ချက်...။
ဟိုတွေး ဒီတွေး စိတ်တွေလေးလည်း
ဟိုရောက် ဒီရောက် စိတ်တွေနောက်လည်း
ဟိုတွေး ဒီရောက် စိတ်ပြေပျောက်အောင်
တခွက်လောက်ဖြင့် သောက်မိပြန်တယ်
ဆန် အရက်ချို...။ ။
တောင်ကလည်း မက်မက်
အမှောင်ကလည်း နက်နက်
ကြောင်သက်သက် ယောင်ချာချာ
တောင်တော်မဟာ အုန်းပြန့် ဒီပါရယ်...
မပလီ မပလာ မတီမတာပါဘူး...။
မညီညာ ရဖျူဂျီ စခန်းမှာ
ဝေဒနာ မကြေငြာစတမ်း
ဖြေစရာ မဖွေရှာစတမ်း
ဒေသနာ မဝေဖြာစတမ်း
အိုကွယ်ဖြေ....
ပြေပါကြောင်း မရည်ရွယ်
လေသာဆောင် ပြတင်းတော်မဖွင့်
ဇဝက်သာ ယမကာပုံးတော်ဖွင့်
အပြုံးတော် အားတင်းဝင့် လိုက်ကြ
လာကြဟေ့ သူငယ်ချင်းတို့ ရေ...
ဒို့ တတွေ ငိုင်မနေကြနဲ့ 
တိုင်းပြည်လည်း ပြန်မရ...
စောက်လုပ် မရှိသမျှ
သောက်လုပ် လုပ်ကြပေါ့...
သောက်လိုက်ကြစို့  သူငယ်ချင်း
အောက်အီးအီး..ဂလု...။ ။
ငယ်ငယ်က ကျောင်းပြေး
နည်းနည်းကြီးတော့ အိမ်ပြေး
နောက်တော့ စစ်ပြေး
နောက်တော့ ပြည်ပြေး
ဒီ့ထက်အဝေး ပြေးရအောင်
တဆစ်ကွေး တထောက်နားရာ
ရဖျူဂျီ တို့ ...စုဝေးရာ...။ ။
(ကံပေါ်သား) မေလ၊ ၂၅၊ ၂၀၁၇
မဟူရာဖက် ညမှောင်နက်မှာ
သူရာတခွက် ဆန်နှင့်ချက်...။
ဟိုတွေး ဒီတွေး စိတ်တွေလေးလည်း
ဟိုရောက် ဒီရောက် စိတ်တွေနောက်လည်း
ဟိုတွေး ဒီရောက် စိတ်ပြေပျောက်အောင်
တခွက်လောက်ဖြင့် သောက်မိပြန်တယ်
ဆန် အရက်ချို...။ ။
တောင်ကလည်း မက်မက်
အမှောင်ကလည်း နက်နက်
ကြောင်သက်သက် ယောင်ချာချာ
တောင်တော်မဟာ အုန်းပြန့် ဒီပါရယ်...
မပလီ မပလာ မတီမတာပါဘူး...။
မညီညာ ရဖျူဂျီ စခန်းမှာ
ဝေဒနာ မကြေငြာစတမ်း
ဖြေစရာ မဖွေရှာစတမ်း
ဒေသနာ မဝေဖြာစတမ်း
အိုကွယ်ဖြေ....
ပြေပါကြောင်း မရည်ရွယ်
လေသာဆောင် ပြတင်းတော်မဖွင့်
ဇဝက်သာ ယမကာပုံးတော်ဖွင့်
အပြုံးတော် အားတင်းဝင့် လိုက်ကြ
လာကြဟေ့ သူငယ်ချင်းတို့ ရေ...
ဒို့ တတွေ ငိုင်မနေကြနဲ့ 
တိုင်းပြည်လည်း ပြန်မရ...
စောက်လုပ် မရှိသမျှ
သောက်လုပ် လုပ်ကြပေါ့...
သောက်လိုက်ကြစို့  သူငယ်ချင်း
အောက်အီးအီး..ဂလု...။ ။
ငယ်ငယ်က ကျောင်းပြေး
နည်းနည်းကြီးတော့ အိမ်ပြေး
နောက်တော့ စစ်ပြေး
နောက်တော့ ပြည်ပြေး
ဒီ့ထက်အဝေး ပြေးရအောင်
တဆစ်ကွေး တထောက်နားရာ
ရဖျူဂျီ တို့ ...စုဝေးရာ...။ ။
(ကံပေါ်သား) မေလ၊ ၂၅၊ ၂၀၁၇
ရဖျူဂျီ၊ ဇဝက်သာ နှင့် တောဂန္ဓာ( ၁ )
တသက်တာ မေ့မရပါ
ဇဝက်သာ ဆန်အရက်ချို....
တန်ပြန်ဖို့  လိုတိုင်း
အကြံအဖန်လုပ် ဖွေ ကြ...
"အထုပ်" "အထုပ်" လို့ နာမည်ရတဲ့
ထိုင်းဘတ်ငွေ ၂၀ ပေးရ...
အရက်တကာ့ ဇဝက်သာ။ ။
ပူတူတူ မွှေးတေးတေး
ခါး ရှရှ ရှိန်းမြမြ
သောက်လိုက်ရင် ဘဝင်တော်ကျ
ယဉ်စစ မြူး.တေ.တွေ
မူးထွေထွေ တောင်တော်အပါး
ဖော သွေ့သွေ့ သေ...။ ။
တောဓလေ့ မှာ...
မနောခွေ့ လို့  သဘောတွေ့ တောင်
အပြောလေ့ကြတာ က မလွဲမှန်စွာ
အသဲဆန်ကာ ကျလောက်တာမို့ ...
ရွှေ ရင်တော်...ပူ။ ။
သေချင်တော် မူလောက်အောင် အငမ်းမရ
တမ်းတမ်းတ တရေးနိုးဝယ်
ငတ်သမှ ရေ...ဟဲ့....ရေ...။
တခွက်ပြီးတော့ နောက်တခွက်
တထုပ်ပြီးတော့ နောက်တထုပ်
တပုလင်းပြီးတော့ နောက်တပုလင်း
အသင်းအပင်း ကြုံတဲ့...အခါ
သီချင်း ဂစ်တာ ဆုံတဲ့...အခါ
ညပြာပြာ လမသာသော်လည်း
ပုလင်း ပုလင်း ပုံလို့ သာ...။ ။
ဘယ်လိုလူ ဘာအကြောင်းပြ
ဘယ်အချိန် ဘာခံစားချက်
ဘယ်နေရာ ဘာနက္ခတ်မှာ
ဘာခွက်နဲ့  တည်တည်
လို ရာ ရောက် ရ်ျ
ဆောင်တိုင်းမြောက်သတည်း။ ။
အမြည်းမကောင်းလည်း
ဇီးပေါင်းတဖဲ့...နဲ့ 
ခရီးကြောင်းက သာလှပေတည်း။ ။
ငေါင်တောင်တောင် တေမိ အစ
ဇရပ်မင်း အလယ်
ကုလားတိုက် ကျားကိုက်အဆုံး..။ ။
ရပ်ကွပ် ၁ အစ
ဖထီးတို့ ဆိုင် အလယ်
ရပ်ကွပ် ၁၆ ကယားမဆိုင် အဆုံး...။ ။
တပြုံးပြုံး တရုန်းရုန်း
တအုန်းအုန်း တကြွက်ကြွက်
စုကြ ရုန်းကြ စားကြ သောက်ကြ
ပျော်ကြ ပါးကြ...
မမော်မကြွား ပါတဲ့...
ဂေါ်ရခါး ကယောကုလားတွေ နှင့်..
ဖိုးတခောတ်တို့  ပျော်စံရာ
တောဂန္ဓာ မြေ။ ။
(ကံပေါ်သား) မေ၊ ၂၅ ၊ ၂၀၁၇
ထိုင်းနိုင်ငံ၊တာ့ခရိုင်၊ အုန်းပြန့် ဒုက္ခသည်စခန်း သို့ ..သတိတရဖြင့်...
ဇဝက်သာ ဆန်အရက်ချို....
တန်ပြန်ဖို့  လိုတိုင်း
အကြံအဖန်လုပ် ဖွေ ကြ...
"အထုပ်" "အထုပ်" လို့ နာမည်ရတဲ့
ထိုင်းဘတ်ငွေ ၂၀ ပေးရ...
အရက်တကာ့ ဇဝက်သာ။ ။
ပူတူတူ မွှေးတေးတေး
ခါး ရှရှ ရှိန်းမြမြ
သောက်လိုက်ရင် ဘဝင်တော်ကျ
ယဉ်စစ မြူး.တေ.တွေ
မူးထွေထွေ တောင်တော်အပါး
ဖော သွေ့သွေ့ သေ...။ ။
တောဓလေ့ မှာ...
မနောခွေ့ လို့  သဘောတွေ့ တောင်
အပြောလေ့ကြတာ က မလွဲမှန်စွာ
အသဲဆန်ကာ ကျလောက်တာမို့ ...
ရွှေ ရင်တော်...ပူ။ ။
သေချင်တော် မူလောက်အောင် အငမ်းမရ
တမ်းတမ်းတ တရေးနိုးဝယ်
ငတ်သမှ ရေ...ဟဲ့....ရေ...။
တခွက်ပြီးတော့ နောက်တခွက်
တထုပ်ပြီးတော့ နောက်တထုပ်
တပုလင်းပြီးတော့ နောက်တပုလင်း
အသင်းအပင်း ကြုံတဲ့...အခါ
သီချင်း ဂစ်တာ ဆုံတဲ့...အခါ
ညပြာပြာ လမသာသော်လည်း
ပုလင်း ပုလင်း ပုံလို့ သာ...။ ။
ဘယ်လိုလူ ဘာအကြောင်းပြ
ဘယ်အချိန် ဘာခံစားချက်
ဘယ်နေရာ ဘာနက္ခတ်မှာ
ဘာခွက်နဲ့  တည်တည်
လို ရာ ရောက် ရ်ျ
ဆောင်တိုင်းမြောက်သတည်း။ ။
အမြည်းမကောင်းလည်း
ဇီးပေါင်းတဖဲ့...နဲ့ 
ခရီးကြောင်းက သာလှပေတည်း။ ။
ငေါင်တောင်တောင် တေမိ အစ
ဇရပ်မင်း အလယ်
ကုလားတိုက် ကျားကိုက်အဆုံး..။ ။
ရပ်ကွပ် ၁ အစ
ဖထီးတို့ ဆိုင် အလယ်
ရပ်ကွပ် ၁၆ ကယားမဆိုင် အဆုံး...။ ။
တပြုံးပြုံး တရုန်းရုန်း
တအုန်းအုန်း တကြွက်ကြွက်
စုကြ ရုန်းကြ စားကြ သောက်ကြ
ပျော်ကြ ပါးကြ...
မမော်မကြွား ပါတဲ့...
ဂေါ်ရခါး ကယောကုလားတွေ နှင့်..
ဖိုးတခောတ်တို့  ပျော်စံရာ
တောဂန္ဓာ မြေ။ ။
(ကံပေါ်သား) မေ၊ ၂၅ ၊ ၂၀၁၇
ထိုင်းနိုင်ငံ၊တာ့ခရိုင်၊ အုန်းပြန့် ဒုက္ခသည်စခန်း သို့ ..သတိတရဖြင့်...
ချစ်စခန်း
ချစ်သူ...
မင်းနဲ့ သာဆိုရင်...
ဆူးပြည့်ခင်းကြမ်း တောမြိုင်တန်းဝယ်
ကြွချီမာန်တက် အားပြည့်ဆောင်လျှက်...
မေသာမောပန်း ဟိုတောင်တန်းမှာ
သာယာပွေ့ ချီ မောင်ထမ်းခေါ်သည်...။
ဟိုတောင်ထိပ်ရောက် မေ စိတ်ကောက်လို့ 
မောင့်မှာ ပွေ့ ချီ...ချော့ ရပြန်ပြီ...။
ထိုမှာတောင်ထက် ညမှောင်နက်မှာ
ကြောက်စိတ်ဝင်ခို မေ့ဘဝင်ကို
ဖြေသာပြေပျောက် အပျော်ရောက်အောင်
ချစ်တေးကို..သီ ချစ်ရေစင်..ဖြန်း
ချစ်ရည်လွှမ်းတဲ့...
ချစ်တောင်တန်းကြီးပေါ်က
ချစ်..စခန်းညမှာ
ချစ်..အနမ်းပွင့်တွေ ချယ်...
ချစ်..ပန်းချီ ရောင်စုံပွင့်ချပ်တွေ
ငွါးငွါးစွင့် လှစ်ဟလို့  ချစ်ခဲ့ကြတဲ့ ခဏ
ကြောက်စိတ်ကလေးတွေ ပြယ်...
ဖျောက်စိတ်ကြယ် အိပ်တန်းထက်ဆီမှ
စိတ်ချမ်းမြေ့ ကြည့်နူးစရာ မြင်ကွင်းမို့ 
လမင်း နဲ့  ကြယ်တာယာ
ညီလာစုံ သဘင်ခံပါပေါ့
အခါတော် ပေး...။
အခါတော်ပေး...နတ်ရေးတဲ့ဖူးစာ
ဦးစွာအလျှင် တံထျာကဗျာဖွဲ့ ...
သံစာစာဟစ်ကြွေး အလင်္ကာ
အကြင်နာ ဝင်္ကဘာတောတန်းမှ
အပျော်ရည် အပြည့်လွှမ်းပါတဲ့
မင်္ဂလာဦးည ချစ်စခန်း။ ။
(ကံပေါ်သား) ဧပရယ်၊၂၀၁၇
မင်းနဲ့ သာဆိုရင်...
ဆူးပြည့်ခင်းကြမ်း တောမြိုင်တန်းဝယ်
ကြွချီမာန်တက် အားပြည့်ဆောင်လျှက်...
မေသာမောပန်း ဟိုတောင်တန်းမှာ
သာယာပွေ့ ချီ မောင်ထမ်းခေါ်သည်...။
ဟိုတောင်ထိပ်ရောက် မေ စိတ်ကောက်လို့ 
မောင့်မှာ ပွေ့ ချီ...ချော့ ရပြန်ပြီ...။
ထိုမှာတောင်ထက် ညမှောင်နက်မှာ
ကြောက်စိတ်ဝင်ခို မေ့ဘဝင်ကို
ဖြေသာပြေပျောက် အပျော်ရောက်အောင်
ချစ်တေးကို..သီ ချစ်ရေစင်..ဖြန်း
ချစ်ရည်လွှမ်းတဲ့...
ချစ်တောင်တန်းကြီးပေါ်က
ချစ်..စခန်းညမှာ
ချစ်..အနမ်းပွင့်တွေ ချယ်...
ချစ်..ပန်းချီ ရောင်စုံပွင့်ချပ်တွေ
ငွါးငွါးစွင့် လှစ်ဟလို့  ချစ်ခဲ့ကြတဲ့ ခဏ
ကြောက်စိတ်ကလေးတွေ ပြယ်...
ဖျောက်စိတ်ကြယ် အိပ်တန်းထက်ဆီမှ
စိတ်ချမ်းမြေ့ ကြည့်နူးစရာ မြင်ကွင်းမို့ 
လမင်း နဲ့  ကြယ်တာယာ
ညီလာစုံ သဘင်ခံပါပေါ့
အခါတော် ပေး...။
အခါတော်ပေး...နတ်ရေးတဲ့ဖူးစာ
ဦးစွာအလျှင် တံထျာကဗျာဖွဲ့ ...
သံစာစာဟစ်ကြွေး အလင်္ကာ
အကြင်နာ ဝင်္ကဘာတောတန်းမှ
အပျော်ရည် အပြည့်လွှမ်းပါတဲ့
မင်္ဂလာဦးည ချစ်စခန်း။ ။
(ကံပေါ်သား) ဧပရယ်၊၂၀၁၇
ငါ့ဘဝ
သူများပျော်လို့  မပျော်နိုင်
ဟိုချောင်မှာ ငေးလို့ မှိုင်...
တွေးလေတိုင်း မျက်ရည်ဝိုင်းရတယ်
ငါ့ဘဝ ဖြေပါနိုင်....။
(ကံပေါ်သား)ဧပရယ်၊ ၂၀၁၇
ဟိုချောင်မှာ ငေးလို့ မှိုင်...
တွေးလေတိုင်း မျက်ရည်ဝိုင်းရတယ်
ငါ့ဘဝ ဖြေပါနိုင်....။
(ကံပေါ်သား)ဧပရယ်၊ ၂၀၁၇
အသည်းကွဲဇာတ်လမ်း
အားနာလို့  လိုက်လျောတာဆိုတဲ့
အကြောင်းပြချက်နဲ့ ...ငြိုငြင်နေမယ့်အစား
နဂို ယခင် အစ...
မင်းဖက်က ရိုးရှင်းစွာ ငြင်းဆန်ခဲ့ရင်
ပြင်းထန်တဲ့ ငါ့ရင်ခုန်သံတွေဟာ
အဖြူစင်ဆုံးအဆင့်မှာ ရပ်တန့် 
ငြူစူခြင်း ကင်းမဲ့ခဲ့မှာပါ...။
ခုတော့...
အတ္တတံဆိပ် ကပ်တဲ့
အိပ်မက်ည ဝိုးတဝါးအလယ်
နီးလျှက်နဲ့ ဝေး သုံးနဲ့ လေး...လို
အဆုံးမလှ ဇာတ်သိမ်းခန်းမှာ
အရှုံး ပဏာမ တေး
အမုန်း ထာဝရ ပေး
အပြုံး ပသာဒ ဝေး
နှလုံး အနာတရ ဘေး ဖြစ်ရပြီ။
(ကံပေါ်သား)မေ၊ ၂၀၁၇
ယုံကြည်ပါချစ်သူ
မဖြစ်နိုင်ဘူးဆိုတာတွေကို...
ထိုးသိပ် ချေမွဖို့ ...
လိုအပ်နေတဲ့ ...
ခွန်အား တစုံဟာ...
မင်းရဲ့ချစ်ခြင်းတွေနဲ့  မှသာ
ပြည့်စုံစေမှာပါ ချစ်သူ။ ။
(ကံပေါ်သား)
ထိုးသိပ် ချေမွဖို့ ...
လိုအပ်နေတဲ့ ...
ခွန်အား တစုံဟာ...
မင်းရဲ့ချစ်ခြင်းတွေနဲ့  မှသာ
ပြည့်စုံစေမှာပါ ချစ်သူ။ ။
(ကံပေါ်သား)
ကံပေါ်ရွာဒုလ္လဘပွဲ(၇)
ကြိတ်ကြိတ်ကယ် မစဲ
ဒိတ်ဒိတ်ကြဲ ဒီအလှူ...
ငါးဌာန အပူဇော်ပွဲ
အတူပျော်နွှဲ စည်ကားပါရဲ့...
မီးခိုးတိတ် တရွာလုံးသာမက
အနီးကယ် ခြောက်စပ်မကျန်
ရွှေမြို့ သူ မော်တော်ကားဖြင့်လာပါပေါ့
မောင်တို့ ရွာ ဖုန်ထူထပ်တယ်လေ့
နေပူပူ ချွေးသံရွှဲ မှာ...
ဒိုးပတ်သံ ညံမစဲ
ရွှေကံပေါ် အလှူပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ သို့ ...
ဒိတ်ဒိတ်ကြဲ ဒီအလှူ...
ငါးဌာန အပူဇော်ပွဲ
အတူပျော်နွှဲ စည်ကားပါရဲ့...
မီးခိုးတိတ် တရွာလုံးသာမက
အနီးကယ် ခြောက်စပ်မကျန်
ရွှေမြို့ သူ မော်တော်ကားဖြင့်လာပါပေါ့
မောင်တို့ ရွာ ဖုန်ထူထပ်တယ်လေ့
နေပူပူ ချွေးသံရွှဲ မှာ...
ဒိုးပတ်သံ ညံမစဲ
ရွှေကံပေါ် အလှူပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ သို့ ...
ကံပေါ်ရွာဒုလ္လဘပွဲ(၆)
အလှူ့ တကာ့  အလှူပွဲ
ပွဲ တကာ့  ပွဲ
အမွန်မြတ်ဆုံး...ပွဲ
အသန့် ရှင်းဆုံး...ပွဲ
အခမ်းနားဆုံး...ပွဲ
ဘုရား ၊ ကျောင်း ၊ ကန်
သိမ် ၊ သံဃာ..အပေါ်
အများတကာ လှူဒါန်းတဲ့
ဘုရားဒကာ့ အမှုထမ်းမယ့်
သိကြား ဗြဟ္မာ သတ္တဝါ အား
အမျှ...အမျှ...အမျှ ပေးဝေကမ်းပါတဲ့
ကံပေါ်ရွာ ဒုလ္လဘပွဲ နှင့်..
ငါးဌာန အပူဇော် ပွဲ...။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ နှင့် ငါးဌာနအပူဇော်ပွဲ သို့ ..
ပွဲ တကာ့  ပွဲ
အမွန်မြတ်ဆုံး...ပွဲ
အသန့် ရှင်းဆုံး...ပွဲ
အခမ်းနားဆုံး...ပွဲ
ဘုရား ၊ ကျောင်း ၊ ကန်
သိမ် ၊ သံဃာ..အပေါ်
အများတကာ လှူဒါန်းတဲ့
ဘုရားဒကာ့ အမှုထမ်းမယ့်
သိကြား ဗြဟ္မာ သတ္တဝါ အား
အမျှ...အမျှ...အမျှ ပေးဝေကမ်းပါတဲ့
ကံပေါ်ရွာ ဒုလ္လဘပွဲ နှင့်..
ငါးဌာန အပူဇော် ပွဲ...။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ နှင့် ငါးဌာနအပူဇော်ပွဲ သို့ ..
ကံပေါ်ရွာဒုလ္လဘပွဲ(၅)
အပယ်ရွာ ဘယ်မလားး
ရည်သန်သည့် သည် အဓိဌာန်
မွေးမေမေ ကျေးဇူးဆပ်ပါရ...
နိဗ္ဗာန်တံခါး ဖွင့်တဲ့ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ သို့ 
ရည်သန်သည့် သည် အဓိဌာန်
မွေးမေမေ ကျေးဇူးဆပ်ပါရ...
နိဗ္ဗာန်တံခါး ဖွင့်တဲ့ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘပွဲ သို့ 
ကံပေါ်ရွာဒုလ္လဘပွဲ(၄)
တစ်နှစ် မှာ တစ်လ
တစ်လ မှာ တစ်ရက်
တစ်ရက် မှာ တခါ...
မဟာ့ မဟာ အလှူရက်မြတ်
အတူတွဲယှက်ခဲ့ ဖော်သဟာဆွေ
ကံပေါ်ရေအတူသောက် ခဲ့
ခောတ် အဆက်ဆက်ပေ...
မနှစ်သက်တာတွေ ခဏဖယ်
မမြင်ချင်တာတွေ ခဏမှိတ်
မကြားချင်တာတွေ ခဏပိတ်
မပြောသင့်တာတွေ ခဏဆိတ်..လို့ 
ထုံးတန်းဆက် လက်ဆင့်တွဲ
ဒုလ္လဘ အလှူတော်မြတ်ပွဲမှာ
အပယ်တံခါး ပိတ်ကြစို့ ...
သူငယ်ချင်းတို့ရေ...။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ မှ စိတ်ဝမ်းကွဲ မညီညွတ်ကြသော
ကံပေါ်အမျိုးများ သို့ ....
တစ်လ မှာ တစ်ရက်
တစ်ရက် မှာ တခါ...
မဟာ့ မဟာ အလှူရက်မြတ်
အတူတွဲယှက်ခဲ့ ဖော်သဟာဆွေ
ကံပေါ်ရေအတူသောက် ခဲ့
ခောတ် အဆက်ဆက်ပေ...
မနှစ်သက်တာတွေ ခဏဖယ်
မမြင်ချင်တာတွေ ခဏမှိတ်
မကြားချင်တာတွေ ခဏပိတ်
မပြောသင့်တာတွေ ခဏဆိတ်..လို့ 
ထုံးတန်းဆက် လက်ဆင့်တွဲ
ဒုလ္လဘ အလှူတော်မြတ်ပွဲမှာ
အပယ်တံခါး ပိတ်ကြစို့ ...
သူငယ်ချင်းတို့ရေ...။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ မှ စိတ်ဝမ်းကွဲ မညီညွတ်ကြသော
ကံပေါ်အမျိုးများ သို့ ....
ကံပေါ်ရွာဒုလ္လဘပွဲ(၃)
သန့် ရှင်းသဒ္ဒါ ကြည်ဖြူစွာပင်
အများကောင်းမှု အကြောင်းပြုရ်ျ...
မရှိလည်းလှူ ရှိလည်းလှူ သည်...
ဒါနအလှူ အတူပြုတဲ့...ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘအလှူပွဲ သို့ ....
အများကောင်းမှု အကြောင်းပြုရ်ျ...
မရှိလည်းလှူ ရှိလည်းလှူ သည်...
ဒါနအလှူ အတူပြုတဲ့...ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လဘအလှူပွဲ သို့ ....
ကံပေါ်ရွာဒုလ္လဘပွဲ(၂)
ရတနာ့  ရင်သွေးချာ ငယ်
သာသနာ့ ဘောင် သွတ်သွင်းပါလို့ ...
ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း
အမေလေးးးသံချိုနှောလို့ ...ပြော...
ပြောခဲ့ပါ့ သားရယ်...
ဗျောစည်တော် တအားရွှမ်းပါ့
ကြာဇီလှရွာက စိန်သန်းထွေးလက်သံ
ဝတိံနန်းက ကြားလောက်မှာမို့ 
နက်ဖြန်ဆို ရှင်ဝတ်လဲတော့မယ့်...
မြင်းကြီးထက် မောင်ရှင်လောင်းပျော်တဲ့
သာသနာ့ အမွေ ခံယူတဲ့ ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လပွဲသို့  အမှတ်တရ
သာသနာ့ ဘောင် သွတ်သွင်းပါလို့ ...
ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း
အမေလေးးးသံချိုနှောလို့ ...ပြော...
ပြောခဲ့ပါ့ သားရယ်...
ဗျောစည်တော် တအားရွှမ်းပါ့
ကြာဇီလှရွာက စိန်သန်းထွေးလက်သံ
ဝတိံနန်းက ကြားလောက်မှာမို့ 
နက်ဖြန်ဆို ရှင်ဝတ်လဲတော့မယ့်...
မြင်းကြီးထက် မောင်ရှင်လောင်းပျော်တဲ့
သာသနာ့ အမွေ ခံယူတဲ့ ပွဲ။ ။
(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းဒုလ္လပွဲသို့  အမှတ်တရ
ကံပေါ်ရွာ ဒုလ္လဘပွဲ(၁)
ဒီ ဇမ္ဘူ့  တခွင်...
ဘယ်သူ့  ဘယ်သူမှ
တု မယှဉ်သာ တဲ့...
အလှူ့ မင်္ဂလာ အမြတ်ဆုံးဟာ မို့ ...
ရှုမြင်စရာ မက်မဆုံးနိုင်ဘူးးးး
ကုသိုလ်ရှင် ဒါယိကာများ
သဒ္ဓါ စိတ် ကြည်ကြည်လင်...
ပါရမီရှင် မှတ်တမ်းစာရင်း သွင်းပါလို့ ...
မြတ်စခန်း နိဗ္ဗာန်ခေမာသောင်ကမ်းကို
အထက်တန်း ကျကျ
တက် လှမ်း ကြွ မယ့်...
ကံပေါ်ရွာ ဒုလ္လဘပွဲ။ ။
(ကံပေါ်သား)Topeka,IN ပဲခူးတိုင်း၊ ကဝမြို့ နယ် ၊ ကံပေါ်ကျေးရွာမှာ နှစ်စဉ်ကျင်းပမြဲ
ဖြစ်သော စုပေါင်းဒုလ္လဘပွဲတော်ကြီးကို သတိတရ ဖြင့်ရေးပါသည်။
ဘယ်သူ့  ဘယ်သူမှ
တု မယှဉ်သာ တဲ့...
အလှူ့ မင်္ဂလာ အမြတ်ဆုံးဟာ မို့ ...
ရှုမြင်စရာ မက်မဆုံးနိုင်ဘူးးးး
ကုသိုလ်ရှင် ဒါယိကာများ
သဒ္ဓါ စိတ် ကြည်ကြည်လင်...
ပါရမီရှင် မှတ်တမ်းစာရင်း သွင်းပါလို့ ...
မြတ်စခန်း နိဗ္ဗာန်ခေမာသောင်ကမ်းကို
အထက်တန်း ကျကျ
တက် လှမ်း ကြွ မယ့်...
ကံပေါ်ရွာ ဒုလ္လဘပွဲ။ ။
(ကံပေါ်သား)Topeka,IN ပဲခူးတိုင်း၊ ကဝမြို့ နယ် ၊ ကံပေါ်ကျေးရွာမှာ နှစ်စဉ်ကျင်းပမြဲ
ဖြစ်သော စုပေါင်းဒုလ္လဘပွဲတော်ကြီးကို သတိတရ ဖြင့်ရေးပါသည်။
Wednesday, May 24, 2017
PLEASE
ဂျော်နီတခွက် နဲ့ ...
ဇော်ဂျီ...ဖတ်နေတယ်...
တော်ကီ တွေ...ခဏရပ်...။
(ကံပေါ်သား) မေ၊ ၁၅ ၊ ၂၀၁၇ (တိုပီကာ)
ဇော်ဂျီ...ဖတ်နေတယ်...
တော်ကီ တွေ...ခဏရပ်...။
(ကံပေါ်သား) မေ၊ ၁၅ ၊ ၂၀၁၇ (တိုပီကာ)
Saturday, May 13, 2017
အုန်းပြန့် လွမ်းချင်း
အုန်းပြန့် လွမ်းချင်း
တောင်ခိုးရယ် တဝေဝေမြူနှင်းတွေ ရစ်ကာဆိုင်း
တိမ်စိုင်တွေ ခြုံကာသိုင်းကြတယ်
ထိုင်းနိုင်ငံ တာ့ခရိုင်တွင်းမှ
ယိုင်ပတ်သွင်း အကျဉ်းစခန်းတခုနှယ်....
ဖိုးတခောတ် အနွယ်တော်
အသူတော် ပြည်ပြေးတစု အုပ်စိုး
တုတ်မိုး ဓါးမိုး အာဏာမိုး ရွာမစဲ...
ပလာတွေ ထင်တိုင်းကျဲပါတဲ့ 
အုန်းပြန့်  ဒီမြေ။ ။
အုန်းပြန့် ရေ.....
အုန်းပြန့် ဟာ
မြေမပြန့် ပါဘူးးးးး
တောင်အခြေ ပလာရုံးဆီမှ
တောင်ထွဋ်ထိပ် ၁၆ အထက်နားဆီ
လည်တဆန့်  မျှော်ကာမှန်းကာဆ
အမြင်တွင် ရွှေရင်ဆို့ ပါလို့ ....
ပါလာတာ အရင်သောက်လိုက်မယ်
စပါးနှံ လောက်ခေါင် သင်းပျံ့ ဝေ...
အမောပြေ စေသား ။ ။
အုန်းပြန့် ရေ.....
မဲဆောက်က ကားနဲ့  အလာ
တောင်ပတ်လမ်း မျှော့ ရွာအထက်နားဆီက
မင်းကိုမြင် အဝေးပြပြ
အေးမြ တဲ့  အသွင်...
အဆင်းတန်ဆာ က ဒုက္ခ
အခင်းကြမ်း က မစုံ
အမိုးသက်ကယ် က မလုံ
အကာသဲပုတ် က ကျဲဆုတ်ဆုတ်
အထပ်ထပ် တောင်တွေပေါ်ကြား
မညီမရီ မစီမတန်း
တောလမ်း တောင်လမ်း
လျှိုလမ်း မြောင်လမ်း
တောင်ခါးတစ် လမ်းကလေးတွေ....
သိပ်လှတာပဲ အုန်းပြန့် ရေ...။ ။
ပြောရအုံးမယ် အုန်းပြန့် ရေ....
တခါတုန်းကပေါ့...
ကျွန်ုပ်မိတ်ဆွေကြီး
(စစ်ထွက် ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၊
ပြည်ပြေး ၊ ရဖျူဂျီ ၊
ဘားမားဆိုးလ်ဂျား ဓါတ်ရှင်မင်းသား ၊
စာရေးဆရာ ) ကပြောဖူးတယ် ။
ဒုက္ခသည် စခန်းဆိုတာ
ခပ်ဝေးဝေးက ကြည့်ရင်....
သဘာဝမကျတဲ့  အလှတရားတခုလို
မြင်ရသူ ဘဝင်ကို မရွှင်စေတာတော့ အမှန်ပါပဲ တဲ့..။
သူပြောတဲ့  သူ့ စကား
အမှန်တွေများလို့ ...
မှတ်သားထားမိတယ်...အုန်းပြန့် ရေ...။ ။
အုန်းပြန့် ရေ....
မင်းအလှ ငါမြင်သမျှ
တစကဗျာ စာ သ လိုက်ချင်ပါဘိကွယ် ။
စိမ်းညို့ ညို့  တောတောင်မြှိုင်လယ်
တိမ်တွေချယ် ပန်းချီကားတချပ်နှယ်
တတောင်ပေါ် နှစ်တောင်ဆင့်
နှစ်တောင်ပေါ် သုံးတောင်ဆင့်...
တမြောင်ကျော် တလျှိုဆင့်
တလျှိုကျော် နှစ်လျှိုဆင့်...
တောင်ခြေအစ လျှိုချိုင့်အလယ်
တောင်ထိပ်တောအုပ် အဆုံးးး။
လူအမျိုးမျိုး အရောင်အထွေထွေ
ဘာ..ဘာသာ ဘာ..သာသနာ
ဇော်ဂနီ ဇော်ဂနက် မောင်လုံးမောင်ပြား
အောက်လမ်းနတ်သယ်တွေ အစ
မနောဆေးတိုးဖတ် ရွှေရင်ကျော်ဂိုဏ်းတွေ အဆုံး ။
သရဲခြောက်
ဖျဲခြောက်
မွဲခြောက်
အသဲခြောက်
ယောက်ျားခြောက်
မိန်းမခြောက်တွေ အစ
ကုလားခြောက်တွေ အဆုံး..။
ဖဲဒိုင်
ချဲဒိုင်
အမဲဒိုင်
ဂေါ်လီဒိုင်တွေ အစ
ဘောလုံးဒိုင်တွေ အဆုံး.။
ကုန်ခြောက်ဆိုင်
ကုန်စိုဆိုင်
ကွမ်းယာဆိုင်
အကြော်ဆိုင်
မုန့် ဟင်းခါးဆိုင်
အသုတ်စုံဆိုင်
ဒုတ်ထိုးဆိုင်
အခွေဆိုင်
စာအုပ်ငှါးဆိုင်
အခွေငှါးဆိုင်တွေ အစ
အရက်ဆိုင်တွေ အဆုံးး။
ခြင်းဝိုင်း
ဘောလုံးဝိုင်း
ဘော်လီဘောဝိုင်း
ပိုကာဝိုင်း
အရက်ဝိုင်း
ဆေးခြောက်ဝိုင်းတွေ အစ
ကမ္ဘာလုံးချမ်းသာကျောင်းက
ဆွမ်းဝိုင်း အဆုံးးး။
နိုင်ငံရေးးး
တော်လှန်ရေးးး
ဘာသာရေးးး
သာသနာရေးးး
လူမျိုးရေးးး
တိုင်းရင်းသားရေးးး
အမျိုးသားရေးးး
အမျိုးသမီးရေးတွေ အစ..
အာဏာရရေး တွေ အဆုံးးးး။
စစ်ရှောင် ဒုက္ခသည်...
စစ်ပြေး ဒုက္ခသည်...
နိုင်ငံရေး ဒုက္ခသည်...
လူမျိုးရေး ဒုက္ခသည်...
ဘာသာရေး ဒုက္ခသည်...တွေ အစ
သူဌေးဒုက္ခသည် တွေ အဆုံးးးး။
သိပ်လှတာပဲ အုန်းပြန့် ရေ...။ ။
လှေမျော လှေနဲ့ လိုက်...
ငွေမျော ငွေနဲ့ လိုက်တဲ့...
ငသက်လေးးတယောက်
ရိက္ခာဝါးတွေ ထမ်းရင်း
တောင်ကျရေနဲ့  မျောတာ
သေပါရောလားးးး။
ဝမ်းနည်းစရာပေါ့ အုန်းပြန်ရေ...။
ရတနာရှိရာ ရတနာစုတဲ့ သဘောနဲ့ ပြောရရင်
ရပ်ကွပ် ၁၆ မှာ...
ဇော်ကြီးတွေ စုကြတယ်ဆိုပဲ...။
သစ်ကောင်းအိမ် ဇော်ကြီးးး
မင်္ဂလာ ဇော်ကြီးးး
အသုဘ ဇော်ကြီးးး
မျောက် ဇော်ကြီးးးတဲ့ ....
ကဲ...မှတ်ကရော...။
အဘဂီတဦးမြစိန်က ပြောဖူးတယ်
ဇော်တကာ့ဇော်ထဲမှာ ချီးဇော်က အနံဆုံးတဲ့...
သက်ကြီးစကား သက်ငယ်ကြားမို့ ..မှတ်သားထားပါတယ်
အုန်းပြန့် ရေ...။
မဒေရှိရာ မဒေစု...
ချိုကုတ်ရှိရာ ချိုကုတ်လာ
သူတော်ချင်း သတင်းလွေ့ လို့ 
အာဏာရှိတဲ့ သူဆီ
အာဏာရူးတွေ သွားကြသတဲ့...။
အုန်းပြန့် ရေ...
မင်းမှတ်မိမှာပေါ့...
၂၀၀၆ ရပ်ကွပ်အာဏာရှင်ရွေးတုန်းက
လူတချို့ အာဏာရူးကြတာလေ
ရပ်ကွပ်မှူး ဖြစ်ချင်တာနဲ့ 
အန်းဂလိပ်လို ပြောသူပြော
တိတ်တိတ်ပုန်း မဲဝယ်သူ ဝယ်
လက်ဆောင်ပုဝါ ပေးသူပေး
တချို့များးးထမင်းတောင်ခေါ်ကျွေး..လို့ 
မဲဆွယ်ကြသတဲ့...။
ဘယ်သူတွေ ဘယ်လို မဲဆွယ်ဆွယ်
ဘယ်သူတွေ ဘယ်လောက် အကုန်ခံခံ
ဘယ်သူတွေ ဘယ်လောက် မဲရရ
ဖိုးတခောတ် အနွယ်တော်ကြီးရဲ့
တချက်လွတ် အာဏာအမိန့် နဲ့ 
ဘာကမွေးလို့  ဘယ်လိုနေ့ ချင်းကြီးလဲတော့မသိပါဘူးးး
တို့ ၁၆ ရပ်ကွက်အတွက် မိုးကျရေကိုယ်လေး
မြန်းကြတော်မူလာတာ အမှတ်ရမိပါသေးတယ်...
ဒီ လို...နဲ့ ...
လူမျိုးကြီးတွေလည်းးးး
လူမျိုးမကြီးနိုင်ကြတော့....။
ရွှေခောတ်ရောက်
ဖိုးတခောတ် သားတော်ထင်ပါ့
အမျိုးချစ်တဲ့ ဖိုးတခောတ်သားတော်ကြီးတပါး
ကော့မူးရာ..ကျောင်း
လူထုတွေ့ ဆုံပွဲမှာ
စားတော်ကွမ်းလေး မြုံ့ လို့ 
သူ့ကိုယ်သူ...
ဘုရင်တိုင်းခန်းလှည့်သလေးးးးစနည်းနာသလေးနဲ့ 
မိန့် ခွန်းချွေ ပြောတတ်ပါပေတယ်။
မထင်ပေါ် စင်ပေါ်ရောက်ခဲ့ကြ
ထင်မြင်ရာ အာဏာပြ ယုတ်မာခဲ့ကြ
တချို့ ဗမာတွေ အချုပ်ခန်းမှာ
ခြေတုနဲ့ အကန်ခံရလို့ ကိုမောင်ဝင်း သေတာ
ကိုယ်တိုင်ထမ်း မသာချခဲဖူးတယ် အုန်းပြန့် ရေ...။
ကျားကြောက်လို့  ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးပါပေါ့...။
အုန်းပြန့် ရေ...
မင်းသိပါတယ်
တို့ မြန်ပြည် အာဏာရူးတွေကြောင့်
ယိုးဒယားမြေ ခိုလှုံစဉ် ခဏမှာတော့
သူခိုး ဓါးပြ သူပုန်မျိုးတွေနဲ့ 
မလွဲသမှ လာကြုံ...
ယူအန်ပေးတဲ့ ဆန်ဆီဆားတွေလည်း
သူတို့လူတွေ အဝစား
သူတို့ကြိုက်သလောက် ဖြတ်
သူတို့ ပေးသလောက် ယူ
ပြန်မပြောလေနဲ့ ...
သူတို့ မြေ သူတို့ အလံ
သူတို့ နိုင်ငံ သူတို့ စကား
သူတို့ဘာသာ သူတို့ စာပေ
သူတို့ သီချင်း သူတို့အက
သူတို့ရိုးရာ သူတို့ဓလေ့
နေရာတကာ သူတို့သာ...
အော်...သူတို့ပဲ ပြောကြသေးတယ်
လူမျိုးကြီးဝါဒ သူတို့မုန်းကြသတဲ့...
ပါးစပ်က ဘုရားဘုရားး
လက်က ကားယားကားယား
ပြောတော့မိုး တိုးတော့ မြေကြီးးးး
မြွေမှန်ရင် ကြွင်းဝင်ဖြောင့်ပါတယ်
ပရောဂါမှန်ရင် စုတ်ထိတာနဲ့  တုန်ခါဆင်းသတဲ့...
ဝက်ဖြစ်တော့လည်း နှာခေါင်းသန်သန်နဲ့ 
ဇာတိမာန်ပြလို့  ထိုးကလော်စွတာပေါ့...
တောရိုင်းဥပဒေ တွေ ပြဌာန်း
မြောက်ကြွ ထောင်လွှား မာန်တက်နေလိုက်ကြတာ
လေပါတယ် ကွာ...
ဒါနဲ့ များ သူတို့က နိုင်ငံတခု ခွဲတည်ထောင်ချင်သေးသတဲ့...
ဓါတ်ရှင်ထဲ က
ဒေါ်မြလေး ပြောသလို ပြောလိုက်ချင်တယ်
ပြောချင်ဘူးးးပြောချင်ဘူးးး
ပြောကို...ပြောချင်ဘူးးးဟေ့....လို့
အော်အော်ပြီးးးပြောလိုက်ချင်ပါရဲ့...
အုန်းပြန့် ရေ...။
(ကံပေါ်သား) May-14-17, Topeka,IN
Thursday, May 11, 2017
စိုးကြောက်လျှက်သား
စိုးကြောက်လျှက်သား
တမြေစီဝေး အလှမ်းကွာမနမ်းသာ ပန်းမာလာ ရနံ့ ကိုဖြင့်...
လွမ်းခါခါ မှန်းကာဆ ပါလို့ 
တမ်းတစိတ် ရွှေဘဝင်...။ ။
တမေခင် ယဉ်ပျိုနှမ
ပင်ကိုယ်အလှ ပန်းရိုင်းငယ်
လွမ်းတိုင်းဝယ် ခင့်စိတ်ဖြင့်
အိပ်ရ်ျမပျော် စားမဝင်
ရမ်းစိတ်ထင် မေ့အသံကိုကြား
ကိုယ်ပူချိန် ၁၀၅ မှာ...
လွမ်းစိတ်နဲ့ ဖျား...။
စိတ်အားတော် ငယ်
ချစ်သူခင် ရွှေရင်စကား
ကြား ချင် လွန်း စွာ
အားအင်တွေ ဖျော့ တော့...
နားမဆင်မီ ဒီမောင်မှာ...
အနေကြာ...ဝေဒနာ တိုးပါလို့ ...
သေရွာကို.....မောင်တကယ် သွားရမှာ
စိုး ကြောက် လျှက် သား ။ ။
(ကံပေါ်သား) May-11-17
သင်္ခါရ
သင်္ခါရ
ဖြစ်ချင်တာ က ဆန္ဒဖြစ်နေတာ က ဘဝ
ဆန္ဒ နဲ့  ဘဝ
တထပ်တည်း မကျသမျှ
ဓမ္မတာမို့  ဖြေသာပေမယ့်...
ဘယ်တော့မှ...ပြန်မရနိုင်တော့မယ့်
ကြီးမားတဲ့...ဆုံးရှုံးခဲ့ခြင်းအတွက်
လူသားဆန်စွာ
ငိုချင်းချ ဝမ်းနည်းမိတာ
ပျော့ ညံ့တယ်လို့ 
တချို့ က ဆိုကြတယ်...။
(ကံပေါ်သား) May-11-17
ငါ့ဘဝ
ငါ့ဘဝ
သူများပျော်လို့  မပျော်နိုင်ဟိုချောင်မှာ ငေးလို့ မှိုင်...
တွေးလေတိုင်း မျက်ရည်ဝိုင်းရတယ်
ငါ့ဘဝ ဖြေပါနိုင်....။
(ကံပေါ်သား)May- 11-17
အစစ်
အစစ်
စစ်မှန်တဲ့...အောင်မြင်ခြင်းဆိုတာ...
ကြိုးစားမှု နဲ့  လဲလှယ်ရယူမှ
ထိုက်တန်တဲ့ ဆုလဒ်မျိုး ။
စစ်မှန်တဲ့...
ချစ်ခြင်းတရားဆိုတာ...
ပေးဆပ်ခြင်း နဲ့  စတင်အရှုံးခံလို့ 
နှလုံးသားကို စတေး
ထာဝရ ပေးဆပ်နိုင်မှ
သန့် ရှင်းစင်ကြယ်တာမျိုး...။
(ကံပေါ်သား) May-11-17
မောင်...
မောင်
မောင်.....မဆွတ်ခင်က ညွှတ်ချင်ခဲ့သူမို့ ...
ဇွတ်တမင် အကွက်မဆင်ခဲ့ရိုး
အမှန်ပါမောင်...။
ဖေဖေါ်ဝါရီ လ
တနေရာဆီ မှ
အသေအချာ ခင်ခဲ့ကြတာ
မှတ်မိပါရဲ့ မောင်...။
နူးညံ့တဲ့ နှလုံးသားတစုံရဲ့
တောင့်တ ချက်ကို
မောင့်မမ အသိဥာဏ်က
မလွှဲရှောင် မတားရက်
အသဲဗလောင် ဆူဝေလျှက်...
အနေကြာ အိုချင်းထိ
မောင့် အလို...ကြိုးချင်းတွေ ငြိခဲ့ကြတာ
ရိုးတွင်းချဉ်ဆီတိုင်
စိမ့်စွဲနေအောင် ရှုပ်ခဲ့ပြီးပြီမို့ ...
မရှင်းပါရစေနဲ့ တော့ မောင်ရေ....။
မိန်းမသား ဗီဇအရ
သခွပ်ပင်က မီးကျီတာ
ဖြစ်စဉ်ပဲပေမို့ ...
အသစ်ထွင်တယ်ဆိုတဲ့
အပြစ်မြင် စကားလေးနဲ့ ...
အထိုးမကြမ်းလိုက်ပါနဲ့ မောင်...
တကယ်ဆို...
ကျွန်မက အသဲနုလွန်းလို့ ပါမောင်...
နော်....နော် လို့ .....။
(ကံပေါ်သား) Topeka,IN, May-11-17
ပန်းလက်ပျို...
ပန်းလက်ပျို
အလွမ်းတွေကို....စမ်းရေထဲ မျှောဖို့ အသွား...။
ကမ်း အစပ်မှာ
ပန်း တခက်နဲ့ 
လှမ်း လက်တစ်စုံက
ကမ်း လင့်ကြို....
ငါ...မယုံတော့ပြီ
ပန်း လက် ပျို...။
စစ်တပွဲ မနွှဲဖူးပေမယ့်
အချစ်ပွဲ တွေမှာ...
စစ်ကဲမဟာအဖြစ်
သေနင်္ဂ ဗျူဟာမြောက်
ရွံ့ ရွံ့ ချွံ စွန့် စွန့် စားမို့ 
နှလုံးရည် လှ...
ဂုဏ်ထူးဆောင်များစွာ
အခါခါ ရခဲ့ဖူးတဲ့
နှလုံးသားရဲ့ အမှုတော်ထမ်း
အချစ်ရဲ့ ကျေးတော်ကျွန်
အန္ဓ တယောက်ပါ
ပန်း လက် ပျို...။
အကွဲကွဲ အပြဲပြဲ
အလဲလဲ အပြိုပြို
သဲထိတ်ရင်ဖို ပွဲကြီးတွေမှာ...
အံကြိတ်လိုက် အားတင်းလိုက်
ပြန်ထူးလိုက် ပြိုလဲလိုက်နဲ့ ...
အပ်ချစရာ မရှိအောင်
ဗလပွ ဒဏ်ရာတွေကြောင့်...
အသဲနှလုံးလည်း
ကျွဲပခုံး ထနေပါပြီ
ပန်း လက် ပျို...။
ခုတော့...
နူးညံ့ဖြူစင်..
ရွှေဓူဝံ့ ပါးပြင်.....
ထိုးလို့  မကွဲ
မိုးပုလဲ မျက်နှာထားနဲ့ ...
ဓါးတင်ရင် ဓါးကျိုးလောက်တဲ့
အသဲပြင်ဟာ....
သင်္ခါရ သဘောအရ
အစဉ်ထာဝရ မစောနိုင်ဘူးဆိုတာ
သဘောပေါက်သွားပြီမို့ 
သွားချင်တဲ့ လမ်းးးးမြန်းပါရစေ
ကျေးဇူးပြုပြီးးးး
အလွမ်းတွေကို စမ်းရေထဲ
မျှောခွင့်ပြုပါ
ပန်း လက် ပျို...။
(ကံပေါ်သား) Topeka,IN, May-11-17
Thursday, May 4, 2017
နာရေးကူညီမှုအသင်း ( အိုမဟာ ): မြန်မာရိုးရာ နှစ်သစ်ကူး အလှူပွဲ ( ဇေယျာသီရိကျောင်း...
နာရေးကူညီမှုအသင်း ( အိုမဟာ ): မြန်မာရိုးရာ နှစ်သစ်ကူး အလှူပွဲ ( ဇေယျာသီရိကျောင်း...: မြန်မာသက္ကရဇ် ၁၃၇၅ ခုနှစ် တန်ခူးလ.....ခရစ်သက္ကရဇ် ၂၀၁၃ခုနှစ် ဧပြီလ မှာ..အမေရိကန်ပြည်ထောင်စု န...
ပွဲ...
ပွဲ
ရတနာ့  ရင်သွေးချာငယ်သာသနာ့ ဘောင် သွတ်သွင်းပါလို့ ...
ဘယ်စာ...
ဘယ်နှစ်ဝါ မောင်သင်မတုန်း...
အမေလေးးးသံချိုနှော
သာသနာ့ အမွေ
ခံ ယူ တဲ့...ပွဲ ။
***************
ဖြူစင်သဒ္ဓါ
ကြည်ဖြူစွာပင်
အများ ကောင်းမှု
အကြောင်း ပြုရ်ျ...
မရှိလည်း လှူ
ရှိ လည်း လှူ...
ဒါန အလှူ...အတူပြုတဲ့...ပွဲ ။
*****************
တနှစ် မှာ တခါ
တလ မှာ တရက်
ခောတ် အဆက်ဆက်
ထုံး တန်း ဆက်
လက် ဆင့် တွဲ...
ဒုလ္လဘ အလှူမြတ်သမို့ ...
အပယ်တံခါး ပိတ်တဲ့..ပွဲ ။
(ကံပေါ်သား) May-11-17
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ ဒုလ္လဘပွဲကို
ကြည့်နူးသဒ္ဓါ လွမ်းစိတ်ဖြာရ်ျ ...ရေးပါသည်။
တကောကနုတ်က ချစ်သူလေး
တရားချစ်ခင် သူတော်စင်များး
ကောဏဂုံရှင် မတိုင်ခင်တွင်
ကကုသန်ရှင် မြတ်သခင်က
နုတ်တော်ဖွင့်ဟ မိန့် တော်မသည်။
ကမ္ဘာရပ်မြေ လူ့ ဌာနေဝယ်...
ချစ်မေတ္တာတရား အစဉ်ထားကြ...
သူငါငဲ့ညှာ ကိုယ်ချင်းစာကြ...
လေးစားချစ်ခင် စိတ်ကောင်းဆင်ကြ။
(ဒီကဗျာလေးကို အကြောင်းတခုနဲ့ သူငယ်ချင်းတယောက်အတွက် ရေးခဲ့ပါသည်။)
ကံပေါ်သား ဇော်ဇော်
ကောဏဂုံရှင် မတိုင်ခင်တွင်
ကကုသန်ရှင် မြတ်သခင်က
နုတ်တော်ဖွင့်ဟ မိန့် တော်မသည်။
ကမ္ဘာရပ်မြေ လူ့ ဌာနေဝယ်...
ချစ်မေတ္တာတရား အစဉ်ထားကြ...
သူငါငဲ့ညှာ ကိုယ်ချင်းစာကြ...
လေးစားချစ်ခင် စိတ်ကောင်းဆင်ကြ။
(ဒီကဗျာလေးကို အကြောင်းတခုနဲ့ သူငယ်ချင်းတယောက်အတွက် ရေးခဲ့ပါသည်။)
ကံပေါ်သား ဇော်ဇော်
ကျေးဇူးပြုပြီး....
အဲ့ဒီအခန်းကို
ဆင်ဆာမဖြတ်လိုက်ပါနဲ့ ချစ်သူ.....
ကိုယ်တို့ နှစ်ဦးရဲ့
အချစ်ဇာတ်လမ်းမှာ
အဲ့ဒီဇာတ်ဝင်ခန်းလေးကို
အကယ်ဒမီ မှန်းထားလို့ပါ..ချစ်သူ
ကံပေါ်သား
အဲ့ဒီအခန်းကို
ဆင်ဆာမဖြတ်လိုက်ပါနဲ့ ချစ်သူ.....
ကိုယ်တို့ နှစ်ဦးရဲ့
အချစ်ဇာတ်လမ်းမှာ
အဲ့ဒီဇာတ်ဝင်ခန်းလေးကို
အကယ်ဒမီ မှန်းထားလို့ပါ..ချစ်သူ
ကံပေါ်သား
Monday, April 3, 2017
ကံပေါ်ရွာဒုလ္လဘပွဲ -၁

(ကံပေါ်သား)
ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ကံပေါ်ကျေးရွာ စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော် ဒုလ္လဘပွဲသို့ 
အဝေးရောက် ကံပေါ်သားမှ
ကြည်နူးဒ္ဓါ
လွမ်းစိတ်ဖြာရ်ျ...
ပွဲ...ကဗျာ ဖြင့်..... လွမ်းလိုက်သည်။
Subscribe to:
Posts (Atom)